ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း(2)

 

ဒဏ္ဍာရီထဲက ဖူရှင်း
============
အပိုင်း(၂)
~~~~~~
ချင်ယီက ဖူရှင်းကို ခက်ထန်စွာကြည့်လိုက်သည်၊ ဖူရှင်းမျက်နှာပေါ်မှ မဲ့ပြုံးကို ကြည့်ကာ လွန်ခဲ့သော သုံးနှစ်ခန့်က ကျောင်းဝင်ခွင့် စစ်ဆေးခြင်းကို ပြန်အမှတ်ရမိသည်။ ရီဖူရှင်းသည် ထိုစဉ်က အသက် ဆယ့်နှစ်နှစ်ခန့်သာရှိသေးပေသည်။ သို့သော် တစ်ခြားသော သူများနှင့် ကွဲပြား ခြားနားစွာပင် သူ့မျက်နှာတွင် စိုးရိန်စိတ် မြူ မှုန်မျှပင် မတွေ့ရပေ၊ မိမိကိုယ်ကို ယုံကြည်မှုရှိသော၊ ဂုဏ်ယူဝင့်ကြွားသော ထီမထင်သော အပြုံး တစ်ခုကိုသာတွေ့ရပေသည်။ 
            နောက်ဆုံးတွင် စစ်ဆေးခြင်းရလဒ်ထွက်လာသောအခါ ဖူရှင်း၏ ပါရမီ အား အမြင့်ဆုံးအဖြစ် သတ်မှတ်ခဲ့ကြသည်၊ သဘာဝစွမ်းအင်ကို ခံစားနိုင်စွမ်း အမြင့်ဆုံးဖြစ်နေခြင်းက ဖူရှင်းအတွက် သိုင်းလေ့ကျင့်ရာတွင် ပါရမီရှင်ဖြစ်စေသည်။
               ယနေ့အချိန်အထိ သုံးနှစ်ကာလကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ဖူရှင်း၏ ပါရမီမှာ ပြောင်းလဲပုံမရသော်လည်း ကံမကောင်းစွာဖြင့် သူ၏ ပညာအဆင့်မှာလည်း မပြောင်းလဲပဲ ရှိနေဆဲ ဖြစ်သည်။ သူကား နဂိုအတိုင်း ပျင်းရိနေဆဲ၊ အတန်းမှ မကြာခဏ ပျက်ကွက်နေဆဲသာဖြစ်သည်။ သို့သော်လည်း သူ၏ မျက်လုံးများက တောက်ပပြီး ကြည်လင်နေဆဲသာဖြစ်၏။
 ချင်ယီက.....
           "တစ်ကယ်လို့ နင်မအောင်ခဲ့ရင်....."
 ဖူရှင်းကပြောသည်......
            "နင့်သဘောအတိုင်းဖြစ်စေရမယ်........."
            "ကောင်းပြီလေ.....ဒါဆိုလည်း.....ယူချင်းရဲ့အနာဂါတ်ကို ခက်ခဲအောင် မလုပ်နဲ့......" နောက်နားတွင်ထိုင်နေသော ယူချင်းကို ကြည့်ကာ သူမ ပြောသည်။
             ယူချင်း၏ သတ္တု ဓာတ်ကို ခံစားနိုင်စွမ်းမှာ အမြင့်ဆုံးဟု သတ်မှတ်ခြင်းခံထားရသည်။ သူသည် စွမ်းအင်နိုးထခြင်းအဆင့် ခုနစ်တွင်ရှိသော ချင်ယီထက်ပင်လျင် တစ်ဆင့်မြင့်ကာ စွမ်းအင်နိုးထခြင်း အဆင့်ရှစ်တွင်ရှိနေသည်။ သူ၏ အနာဂါတ်အား မချည်နှောင်ထားသင့်ဟု သူမ တွေးသည်။
             "သေချာတာပေါ့......."ဖူရှင်းက ကတိပေးလိုက်၏။ သို့သော် အမှန်တစ်ကယ်ဖြစ်နိုင်ပါ့မလား။ ချင်ယီက စင်မြင့်ထက်ကို ပြန်လည် တက်ရောက်လာ၏၊ 
ချင်ယီက.......
             "ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲရောက်ဖို့ တစ်လ ပဲလိုတော့တယ်၊ အချိန်ကို အကျိုးရှိအောင် အသုံးချစေချင်တယ်၊ နောက်နှစ် နွေဦးရာသီ အထိ စောင့်နေမယ်ဆိုရင်  ကျောင်းသားအသစ်တွေနဲ့ အတူတူ ပြိုင်ဆိုင်ရလိမ့်မယ်၊ အထူးသဖြင့် လင်းရှာ......နင်က စွမ်းအင်နိုးထခြင်း အဆင့်ခြောက် နဲ့ ဖန်းရှင်းဇွီ.....နင်က စွမ်းအင်နိုးထခြင်း အဆင့်ငါး၊ နှစ်ယောက်လုံးက အဆင့်မတက်ပဲ ရပ်နေတာ ကြာလှပြီ၊ ဒီအတောအတွင်း တိုးတက်လာစေချင်တယ်....."
            စွမ်းအင်နိုးထခြင်းအဆင့်အား အဆင့်ကိုးဆင့်ဖြင့် ခွဲခြားထားသည်။ ကျောင်းတော်၏ တရားဝင် ကျောင်းသားဖြစ်ရန် အသက်ဆယ့်ရှစ်နှစ်မပြည့်မှီ အနည်းဆုံး အဆင့်ခုနစ် ရှိရန်လိုအပ်ပြီး နွေဦးရာသီစစ်ဆေးခြင်း စာမေးပွဲကို ဝင်ပြိုင်ရမည်ဖြစ်သည်။
            "အင်း......."လင်းရှာ ခေါင်းညှိတ်လိုက်သည်။ဖန်းရှင်းဇွီကလည်း သေသေချာချာကြိုးစားရန် ဆုံးဖြတ်ထားပုံပေါ်သည်။
             "အတန်းသိမ်းပြီ........"ချင်ယီ ပြောသည်၊ ထို့နောက် အခန်းအပြင်ကို သိမ်မွှေ့စွာ လှမ်းထွက်သွား၏၊ အခန်းထဲမှ လူများ၏ မျက်လုံးများက သူမထွက်သွားပြီး ပျောက်ကွယ်သွားသည်အထိ လိုက်ပါသွားကြသည်။ သူမပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် အားလုံး၏ ဒေါသလွှမ်းခြုံသော အကြည့်က ရီဖူရှင်း ဆီရောက်သွားကြသည်၊ သူတို့၏ မျက်လုံးတွင် ရီဖူရှင်းက သူတို့၏ အလှနတ်သမီးကို မလေးမစားပြုမူခဲ့သည် မဟုတ်ပါလော။
           "ရီဖူရှင်း......." အကြည့်များအား ဆွဲဆောင်ယူသွားသည့် အေးစက်သော ခေါ်သံတစ်ခုအား ကြားရ၏၊ ခေါ်သံကား ရီဖူရှင်း၏ နောက်တွင်ထိုင်နေသော ဖန်းရှင်းဇွီ ထံမှဖြစ်သည်။
            သူမကား  အသက်ဆယ့်ငါးနှစ်မျှသာရှိသေးသော်လည်း ဝိုင်းစက်သော မျက်လုံးအစုံနှင့် သိမ်မွှေ့သော မျက်နှာသွင်ပြင်တို့နှင့် အတူ ကျောင်းတော်၏ အလှပဂေး တစ်ယောက် ဖြစ်နေလေပြီ၊ ငယ်ရွယ်နုနယ်သော ခန္ဒာအလှက သန့်စင်သော အငွေ့အသက်နှင့်အတူ ဆွဲဆောင်မှုရှိသော အလှတရားကို ခံစားမိစေသည်။ သူမက ရီဖူရှင်းကို ဒေါသတစ်ကြီးဖြင့်ကြည့်ကာ......
           "နင် ဘယ်လို လုပ်လိုက်တာလဲ......"
           "နင် မနာလိုဖြစ်နေတာမလား....မဟုတ်ဘူးလား.....ဟားဟား...."
....ရီဖူရှင်းက ရယ်မောလျက် စနောက်လိုက်၏။ 
           ဖန်းရှင်းဇွီ ရုတ်တရက် ဆွံ့အသွားသလိုဖြစ်သွား၏၊ ခဏအကြာ သူမက ဆက်၍......
            " ဒါကို နင့်အဖေကို နင်ဘယ်လို ရှင်းပြမှာလဲ....."
          ရီဖူရှင်းမျက်တောင်ခတ်လျက်.......
            "ဘာကို ရှင်းပြရမှာလဲ........"
ပြီးမှ ရီဖူရှင်း သူ့အဖေ က ဖန်းရှင်းဇွီနှင့်ပတ်သက်၍ ပြောထားသည်များကို သတိရလာသည်၊ သူမက သူ့ကို သတိသိသာသာ ဂရုစိုက်ပြနေကို သိပ်မထူးဆန်းတော့ပေ။ သူက သူမ၏ လှပသော ကောက်ကြောင်းများအား စိုက်ကြည့်လျက်ပင်.......
                "မဟုတ်တာတွေ မတွေးနဲ့တော့....ငါတို့က အသက်ငယ်ငယ်လေးပဲရှိသေးတယ်....ကလေးယူဖို့တွေးရမည့် အချိန်မကျသေးဘူး........"
             ရီဖူရှင်း၏ စကားက  တစ်ခန်းလုံး ကို ချက်ချင်းတိတ်ဆိတ်စေသွား၏၊ တစ်ခြား ယောကျာ်းလေးများကား ဒေါသထွက်သည်မှအပ တစ်ခြား မသိတော့ပေ၊ ဒီခွေးကောင် အရှက်ကင်းမဲ့လွန်းလှသည်။ မိနစ်ခန့်အကြာက မိန်းကလေး ချင်ယီအား စနောက်နေခဲ့ပြီး ယခုလည်း ငယ်ရွယ်ပြီး လှပသော ဖန်းရှင်းဇွီကို ညစ်ပတ်စွာ ပြောနေပြန်သည်။ ဒီကောင် တစ်ခုခုမှားနေသည်မှာ သေချာ၏။
               ဖန်းရှင်းဇွီ ရုတ်တရက် အေးခဲသွား၏၊ သူမ က သူမအဖေနှင့် ရီဖူရှင်းအဖေတို့က သူမတို့နှစ်ယောက်အား ကလေးယူရန် ဟာသလုပ်ပြောခဲ့ကြသည်ကို ချက်ချင်း သတိရလာသည်၊ သူမအား တမင်ပင် ရယ်စရာဖြစ်အောင် ပြောနေသည့် ခွေးကောင်လေးအား ကြည့်ကာ ရှက်သွေးကြောင့် မျက်နှာက နီမြန်းလာသည်။
                 "ငါဆိုလိုတာက ရာသီကုန် စစ်ဆေးခြင်း စာမေးပွဲ မှာ နင်ကျရင် နင့်အဖေကို ဘယ်လို ရှင်းပြမလဲလို့ပြောတာ......."
                 သူမ သက်ပြင်း တစ်ချက်ချလိုက်သည်၊ ရီဖူရှင်းစိတ်ထဲ ဘာတွေ တွေးတောနေသည် သူမ နားမလည်ပေ၊ ရီဖူရှင်း၏ နိုးထခြင်း ပထမအဆင့် ဖြင့် စာမေးပွဲအောင်မည်ဟုလည်း သူမ မယုံကြည်ပေ။
              ရီဖူရှင်းက ခေါင်းခါ၍.......
              "မဟုတ်ဘူး ငါအောင်မှာပါ........"
              "ဟား..ဟား...နိုးထခြင်း ပထမအဆင့်နဲ့ စာမေးပွဲအောင်မယ်....ဟုတ်လား....ယုံကြည်ချက်ရှိသေးတယ်ပေါ့...ရီဖူရှင်း....ရှက်ကြောများဖြတ်ထားသလား...ဟား...ဟာ..."
                ဖန်းရှင်းဇွီနောက်နားမှ ရယ်မော၍ပြောလိုက်သော အသံတစ်သံ ထွက်လာသည်။ သူကား ချင်းကျူကျောင်းမှ အသက်ဆယ့်ငါးနှစ်အရွယ် မျှသာရှိသေးပြီး ရှားရှားပါးပါး နိုးထခြင်း အဆင့် ခြောက်ကို ရောက်ရှိပြီး ပါရမီမြင့် လေဓာတ်အခြေ ခံ မှော်သိုင်းသမား တစ်ဦးဖြစ်သည်၊ ဒီရာသီကုန် စစ်ဆေးခြင်း စာမေးပွဲတွင် ကျောင်းတော်၏ တရားဝင် ကျောင်းသားဖြစ်လာရန်တစ်ပေးထားခြင်း ခံထားရသူလည်း ဖြစ်၏၊ 
           သူက စကားပြောနေသော်လည်း ရီဖူရှင်းကို လှည့်၍ပင်မကြည့်ပေ၊ သူ့မျက်လုံးများက ဖန်းရှင်းဇွီထံမှာ သာရှိ၏၊ သူကဆက်၍......
           "ရီဖူရှင်း မင်းက အတန်းထဲ အညံဆုံးပဲ၊ ဒါတောင်မှ ဖန်းရှင်းဇွီလို ထက်မြတ်တဲ့ မိန်းကလေးကို အဓိပ္ပါယ်မရှိတာတွေ ပြောနေသေးတယ်၊ ကိုယ့်ဘာသာ မသိတဲ့လူက ကြောက်ရမှန်း မသိဘူးလို့ လူတွေက ပြောကြတာ မဆန်းပါဘူး...ဟား..ဟား..."
           တစ်ကယ်လည်း လင်းရှင်က တစ်ခန်းလုံးကိုယ်စားပြောပေးနေသလိုပင်၊ သူတို့အားလုံးက ရီဖူရှင်းမှာ အရှက်မရှိဆုံးသူ ဟုသတ်မှတ်ထားကြသည် မဟုတ်ပါလော။
            ယူချင်းက အာရုံစိုက်ဟန်မရှိဘဲ ဖူရှင်း၏ ဘေးနားကို လျှောက်လှမ်းလာသည်၊ ယူချင်း၏ အင်အားကောင်းသော အငွေ့အသက်က ဖူရှင်းအား အပြစ်တင်လိုသော စကားသံများအား တွံ့ဆုတ်စေ၏၊ 
               "အစ်ကို ယူ......." ဖန်းရှင်းဇွီ က လှမ်းခေါ်၏၊ 
                "အင်း........" လင်းရှာအား လှမ်းကြည့်လျက်ပင် ယူချင်း ခေါင်းညှိတ်လိုက်၏၊ သူ့အကြည့်က လင်းရှာကို ထိတ်လန့်စေသည်၊ 
                "ကိုယ့်ဘာသာ မသိတဲ့လူက.....ကြောက်ရမှန်းမသိဘူး...တဲ့လား....."
               ရီဖူရှင်းက လင်းရှာ၏ စကားကို အလေးအနက်ထားပုံမရပေ၊ အမှန်တစ်ကယ်လည်း သုံးနှစ်တာကာလအတွင်း လူအများ၏ မေးငေါ့ဝေဖန်မှုများစွာကို ကြားခဲ့ရပြီးပြီ မဟုတ်လား၊ ထို့ကြောင့် ထိုဝေဖန်မှုများကို သိပ်အရေး မစိုက်တော့၊ အထူးသဖြင့် လူများသည် လှပသော မိန်းကလေးများ၏ ရှေ့တွင် တစ်ခြားသူများအား ဝေဖန်ခြင်းဖြင့် ထင်ပေါ်အောင် လုပ်ကြခြင်း မဟုတ်ပါလော။
             ရီဖူရှင်းက.....
             " မင်းက ကိုယ့်ဘာသာတော့ အရမ်းဟုတ်နေပြီထင်နေတယ်မလား........"
            "ဒါက မေးနေစရာ လိုသေးလို့လား....အထူးသဖြင့် မင်းနဲ့ယှဉ်လိုက်ရင်လေ...ဟား.ဟား...."လင်းရှာ ရယ်မောလျက်ပြန်ပြော၏၊ လင်းရှာကား အတန်းမကြာခဏ ပျက်ပြီး နိုးထခြင်း အဆင့်တစ်တွင် သုံးနှစ်ကြာရပ်တန့်နေသည့် ရီဖူရှင်းအား မည်သည့်ခါမျှအထင်မကြီးခဲ့ပေ။
            ရီဖူချက်က ရုတ်တရက်မေးလိုက်သည်.....
            "ကောင်းပြီလေ ဒါဆိုလည်း စစ်သူရဲကောင်းတစ်ယောက်က....မီးနဲ့သတ္တု ဓာတ်နှစ်ပါး မှော်ပညာရှင်ကို ဘယ်လို အနိုင်ယူနိုင်သလဲ...."
           လင်းရှာ ခဏခန့် တွန့်ဆုတ်သွားသည်၊ ပြီးမှ.....
             "မင်းငါ့ကို ရယ်စရာ လာပြောနေတာလား.... တစ်ကယ်လို့ စစ်သူရဲကောင်းကို အနီးကပ်တိုက်ခွင့် မပေးရင် ဓာတ်တစ်ပါး မှော်ပညာရှင်က တောင် အလွယ်တစ်ကူ အနိုင်ယူနိုင်တယ်...... ဓာတ်နှစ်ပါး မပြောနဲ့ ဓာတ်တစ်ပါး မှော်ပညာရှင်လည်း ဒီတစ်နည်းပဲ ရှိတယ်...."    
             မှော်ပညာရှင်ကား  မှော်တိုက်ကွက်ကို အဝေးမှပင် အသုံးပြုနိုင်သောကြောင့်  စစ်သူရဲကောင်းနှင့် တစ်ယောက်ချင်း တိုက်ခိုက်ပါက သိသိသာသာပင် အလေးသာ၏၊ 
             ရီဖူရှင်းက.....
             "အရူး...စစ်သူရဲကောင်းက  စွမ်းအင် အဆင့်ပိုမြင့်ရင် မနိုင်ဘူးလား "
              လင်းရှာ မျက်မှောင်ကြုတ်ကြည့်လိုက်၏၊ လူတိုင်းက အရှက်မရှိ ယခုလို မေးခွန်းမျိုးမေးသည့် ရီဖူရှင်းအား ကြည့်ပြီး ဆွံ့အသွားကြ၏၊ 
          "မင်းက...ငါ့ကို အဆင့်မတူတဲ့ အကြောင်းကို အရင်မပြောဘဲ အဆင့်မတူတဲ့ သူတွေရဲ့ တိုက်ခိုက်ပုံကို မေးတယ်...ဟုတ်လား....ဒါက အဓိပ္ပါယ်ရော ရှိလား...."
            .....လင်းရှာ က တင်းမာစွာ ပြန်ပြော၏။
           "အဆင့်တူတူ...ဟုတ်လား...ဒါဆိုရင် စစ်သူရဲက ကြံ့ခိုင်မှုအားကောင်းပြီး အရမ်းမြန်နေတယ်ဆိုရင်ရော....."
            ရီဖူရှင်းထပ်မေး၏၊ လူများက ဖူရှင်းပြောသည်မှာ အဓိပ္ပါယ်အနည်းငယ်ရှိသည်ဟု တွေးတောမိကြ၏၊ 
ကြ့ခိုင်မှုအားကောင်းပြီး အလွန်မြန်သော စစ်သူရဲများက လျပ်တပြတ် တိုက်ခိုက်ရာတွင် ကျွမ်းကျင်ကြသည်။
              " ကဲပါ...မင်းက ဓာတ်နှစ်မျိုး မှော်ပညာရှင်လို့ ပြောတယ်မလား....သူက မီးတံတိုင်းနဲ့ အရင်ကာပြီးတော့ သတ္တုဓာတ် မှော်သိုင်းကွက်နဲ့ တိုက်လို့ရတာပဲ....အနီးကပ်တိုက်ပွဲဆိုရင်တောင် မှော်ပညာရှင်က ရှုံးမှာမဟုတ်ဘူး...."
                 လင်းရှာ က သရော်သလို ပြော၏။
                 "ဒါဆိုရင် စစ်သူရဲက မုန်တိုင်း ရင်ခွဲသိုင်းကွက် ကို သိနေတယ် ဆိုရင်ရော.....ဒီသိုင်းကွက်က အထူးသဖြင့် ခံစစ်တံတိုင်းတွေကို ဖျက်ဆီးတဲ့သိုင်းပဲ....ကြံ့ခိုင်မှု အသားပေး တိုက်ခိုက်အား နဲ့ဆို မင်းပြောတဲ့ တံတိုင်းခံစစ်က စာရွက် ဖြစ်နေတော့မှာပဲ....."
                  ရီဖူရှင်းက ဆက်၍.......
                 "ဟင်း...မှော်သိုင်းကွက်တွေက တော့ စကားထဲ ထည့်ပြောနေစရာကို မလိုတာ....."
                  လင်းရှာ၏ မျက်နှာ ပိုမို၍မဲမှောင်လာ၏၊ တစ်ကယ်လည်း အလွန်မြန်သော ကြံ့ခိုင်မှု အသားပေး စစ်သူရဲက မှော်ပညာရှင်အား အလွယ်တစ်ကူ အနိုင်ယူနိုင်စွမ်းရှိသောကြောင့် ရီဖူရှင်း ပြောသည်မှာ မှန်ကန်၏။
                 "အခုပြောနေတာတွေက စာရွက်ပေါ်က နည်းစနစ်တွေပဲရှိတယ်....ထားလိုက်တော့..."
                  လင်းရှာက စကားစစ်ထိုးရာတွင် အရှုံးကို ဝန်ခံရန်တွန့်ဆုတ်နေပုံရသည်။
                  "မှန်တယ်...ဘယ်လိုလုပ်ပြီးတော့ မှော်ပညာရှင်က စစ်သူရဲကို ရှုံးမှာလဲ..." နောက်တစ်ယောက် ဝင်ပြော၏။
               "မင်းက ကိုယ့်ဘာသာ အကုန်သိဟန်ဆောင်ပြီးတော့ စာအုပ်ထဲက အကြောင်းအရာတွေကိုပဲ ပြန်ပြီး ရွက်ပြနေတာပဲ...ကောင်းပြီလေ...ဒါဆိုလည်း ငါမေးတဲ့ မေးခွန်းရိုးရိုးလေး တစ်ခုပဲဖြေ....လူတွေရဲ့ ပထမအဆင့် စွမ်းအင်နိုးထခြင်းမှာ ဘယ်လိုကွဲပြားခြားနားပြီး တိုးတက်လာတာလဲ"   
                ရီဖူရှင်းက လင်းရှာကို စိုက်ကြည့်လျက် မေး၏၊ 
           "တန်ခိုးကျင့်သူတစ်ယောက်ဟာ စကြာဝဠာ ထဲမှာရှိတဲ့ သဘာဝ စွမ်းအင်ကို စုဆောင်းရတယ်၊ [ ဘာသာပြန်သူမှတ်ချက်>>တန်ခိုးကျင့်သူ-cultivator ဝေါဟာရအား ပထမဆုံးအကြိမ် မိတ်ဆက်ခြင်းဖြစ်သည်၊ ထိုခေါတ်အခါမှ သိုင်းကျင့်သူများသည် လူသား ဘဝမှတစ်ဖန် နတ်ဘုရား အဆင့်အထိ ရောက်နိုင်သည်မှာ အခြေ ခံ အသိပညာဖြစ်သောကြောင့် သိုင်းကျင့်သူ၊ မှော်ပညာကျင့်သူ၊ စိတ်ဝိဉာဏ်ပညာ ကျင့်သူ၊ စသည်များအားလုံးကို တန်ခိုးကျင့်သူ-cultivator ဟုအလွယ်ပြောသည်]
ဒီလို စုဆောင်းရာမှာ မှော်ပညာရှင်က သဘာဝစွမ်းအင်ကိုအာရုံ ခံနိုင်စွမ်း ပိုမြင့်လေလေ၊ သူတို့စုဆောင်းတဲ့ သဘာဝစွမ်းအင်တွေက ပိုပြီးသန့်စင်လေလေပဲ၊ ဒါကြောင့် သဘာဝစွမ်းအင် စုဆောင်းတဲ့အကြောင်း ပြောမယ်ဆိုရင် ဒါက အများကြီး ကွဲပြားတယ်၊ ဒါပေမယ့် ယေဘုယျအားဖြင့် ပြောမယ်ဆိုရင် နည်းနည်းပဲ ကွဲပြားတယ်၊ ဥပမာ မှော်ပညာရှင် ဆိုရင် သူတို့ရဲ့ အထူးပြု ဓာတ်သဘောတွေကြောင့် သူတို့ရဲ့ သဘာဝစွမ်းအင် စုဆောင်းမှုမှာလည်း ကွဲပြားခြားနားသွားတယ်"
                လင်းရှာက ဖြစ်နိုင်ဖွယ်အဖြေများအားလုံးကို တွက်ချက်ပြီးဟန်ဖြင့် ဖြည်းဖြည်းချင်း ပြော၏၊
                "အရူး......"
                 လင်းရှာအား အဖက်မတန်သလို ကြည့်ကာ နောက်ပြန်လှည့်၍ ထွက်သွား၏၊ 
                 "ဘာကိုဆိုလိုတာလဲ..." 
               ရီဖူရှင်း၏  နောက်ကျော ကိုကြည့်လျက် လင်းရှာ မျက်မှောင်ကြုတ်ကာ....
                " ပြန်မပြောနိုင်လို့ ထွက်ပြေးသွားတာမလား၊ အသုံးမကျတဲ့အကောင်...."   
                "ရီဖူရှင်းက အနှစ်မရှိတဲ့အကောင်ပဲ" 
                 လူတစ်ချို့က မှတ်ချက်ပေး၏၊ 
                 တစ်ခဏချင်းမှာပင် ရီဖူချင်းထံမှ အားလှိုင်း တစ်ခု ပေါက်ကွဲ ထွက်လာ၏၊ ချက်ချင်းပင် သူ၏ ခန္ဒာကိုယ်အား အလွန်တောက်ပသော သက်တန့်ရောင် သဘာဝစွမ်းအင်များ လွှမ်းခြုံသွား၏၊ အခန်းထဲရှိလူများအားလုံး အံ့သြမာန်သက်လျက် ငေးမောကြည့်နေကြသည်၊ 
              ရီဖူရှင်း၏ ရည်ရွယ်ချက်က ရှင်းသည်၊ နိုးထခြင်းအဆင့်တစ်ပင်ဖြစ်သော်လည်း တစ်ချို့မှာ သာမာန်ဖြစ်ပြီး တစ်ချို့ကား သာလွန်အဆင့်တွင် ရှိနိုင်၏၊ 
             လင်းရှာကား ၎င်းမြင်ကွင်းအားကြည့်ကာ စိတ်ပျက်သွားပုံရ၏၊ ရီဖူရှင်းထံမှ အားလှိုင်းကား တောက်ပလွန်းသောကြောင့် နိုးထခြင်းပထမအဆင့် ဟုပင် မယုံကြည်ရပေ။ 
           ရီဖူရှင်း ထွက်သွားပြီး ယူချင်းလည်း နောက်မှ လိုက်သွား၏၊ 
           "ဒီ သောက်ရူးက နိုးထခြင်း ပထမအဆင့်မှာတော့ ထူးခြားတဲ့သူ ဆိုတာတော့ ဝန်ခံရမယ်....."
           "ဒီတော့ ဘာဖြစ်လဲ၊ ဒီကောင် ပထမဆင့်မှာ ရပ်နေတာ သုံးနှစ်ရှိနေပြီပဲ၊ သူ့ ပထမအဆင့် စွမ်းအင်က ထူးခြားနေတာ ထူးဆန်းလို့လား၊ ငါတို့လည်း သူ့လို ပထမအဆင့်မှာ သုံးနှစ်လောက် ရပ်နေမယ်ဆို ငါတို့လည်း သူ့လိုဖြစ်မှာပဲ....."
              "ဒါမှန်တယ်....သူက ပထမအဆင့်ပဲရှိသေးတယ် ဘယ်လိုလုပ် မာနကြီးနေနိုင်တာလဲ....."
               "ပြီးတော့ မိန်းကလေး ချင်နဲ့ ဖန်းရှင်းဇွီကိုလည်း ညစ်ညစ်ပတ်ပတ် ပြောသေးတယ်၊ သောက်ရူးကောင်"    
       လူများ၏ ရေရွက်သံ၊ အပြစ်တင်သံများ ထွက်ပေါ်လာသည်၊
              "လင်းရှာ....ထားလိုက်တော့....သူဘယ်လောက်ပဲ လေကြီးပါစေ.....မင်းကို သူက စိန်ခေါ်မယ်ဆို မင်းက သူ့ကို တစ်ချက်တည်းနဲ့ အလဲထိုးနိုင်စွမ်းရှိတာပဲ၊ ဘာမှ အသုံးကျတဲ့ကောင် မဟုတ်ဘူး...."ဘေးနားမှ တစ်ယောက် လှမ်းပြောသည်။ တစ်ခြားသူများကလည်း လက်ခံသလို ခေါင်းညှိတ်ကြသည်။
                လင်းရှာ ခဏခန့် တွန့်ဆုတ်သလိုဖြစ်ပြီးမှ ယုံကြည်မှုများ ပြန်ရလာသည်၊ တစ်ခြားသူများပြောသည်မှာ မှန်၏၊ သိုင်း အဆင့်နိမ့်သည့် သူတစ်ယောက်ဖြစ်သော ရီဖူရှင်းကား သူ့စိတ်ကို မလှုပ်ရှားစေနိုင်ပေ။ 
               " ဖန်းရှင်းဇွီ.... သူက ထက်မြတ်တယ်ဆိုတာ တာ လက်ခံပါတယ်၊ နင်တို့က ငယ်ငယ်လေးထဲက ခင်လာတာလည်းငါသိတယ်၊ ဒါပေမယ့် သူနဲ့ ဝေးဝေးနေစမ်းပါ...."
              မူရွမ်ရှင်း က ပြော၏၊ သူမက ဖန်းရှင်းဇွီ၏ သူငယ်ချင်းတစ်ယောက်ဖြစ်သည်၊ ဖန်းရှင်းဇွီ အား ရီဖူရှင်းနဲ့ ဝေးဝေးနေရန် တိုက်တွန်းနေခြင်းဖြစ်သည်၊ သူမက ရီဖူရှင်းမှာ တစ်ကယ့် အရည်အသွေးအစစ်အမှန်မရှိပေါ် အမြဲ လူများရှေ့တွင် ထင်ပေါ်အောင် လုပ်နေသည်ဟုမြင်ကာ အမြဲ အထင်သေး၍ ကြည့်တတ်သည်။
               "သူ တစ်ကယ်ကို မဟုတ်သေးဘူး....."
               ဖန်းရှင်းဇွီလည်း အနည်းငယ် စိတ်ပျက်နေပုံရ၏၊
               မူရွန်ရှင်းက ဖန်းရှင်းဇွီ အနည်းငယ် စိတ်ပျက်သွားသည်ကို သတိထားမိသည်၊ သူမက ဆက်၍.....
               "နိုးထလိုက်တော့ ကလေးမ....နင်က မကြာခင် ကျောင်းတော်ရဲ့ တရားဝင် ကျောင်းသူဖြစ်တော့မှာ၊ နင့် အနာဂါတ်အတွက် လည်း စဉ်းစားပါဦး၊ ဒီအကောင် နင့်အနားမှာ နေရင် နင့်ဂုဏ်သိက္ခာကိုပဲ ထိခိုက်လိမ့်မယ်၊ နင်က ဒါကို တစ်ကယ် ဂရုမစိုက်တာလား၊ နင်စဉ်းစားကြည့်စမ်း၊ နောက်ဆို လူတွေက နင့်ကို ဘယ်လိုပြောမလဲ...."
             ဖန်းရှင်းဇွီ တွေဝေသွားသည်၊ ဘာပြောရမှန်းမသိတော့၊ သူမ ဘယ်တုန်းကမှ ယခုလောက် မတွေးကြည့်မိသေးပေ၊
             "ရင့်ကျက်ဖို့အချိန်တန်ပြီ....သူနဲ့ ဝေးဝေးနေစမ်းပါ....ဝေးလေကောင်းလေပဲ...." မူရွမ်ရှင်း ထပ်ပြောသည်။

No comments:

Post a Comment

The Legend Of Futian ဒဏ္ဍာရီထဲက ဖူရှင်း

The Legend Of Futian ဒဏ္ဍာရီထဲက ဖူရှင်း _____________ အပိုင်း(၁) အပိုင်း(၂)