ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း(၁)

 

ဒဏ္ဍာရီထဲက ဖူရှင်း

_____________

အပိုင်း(၁)

----------

 ကောင်းကင်ပြက္ကထိန်၊ ၉၉၉၉ ခုနှစ်၏ ဆောင်းဦး၊ အရှေ့ပင်လယ်၊ ချင်းကျူမြို့  ။
 ချင်းကျူကျောင်းတော်သည် ချင်းကျူမြို့ ၏ အထွတ်အမြတ်နေရာတစ်ခုဖြစ်သည်။ အချမ်းသာဆုံးသော မိသားစုတွေနဲ့ ထင်ရှားသော မျိုးနွယ်စု များမှ တစ်ဝက်ကျော်သော အထူးချွန်ဆုံးသူများမှာ ချင်းကျူကျောင်းတော်သားများ ဖြစ်ကြသည်။ ထို့ကြောင့် ချင်းကျူမြို့သားများသည် ၎င်းကျောင်းတော်တွင် တက်ရောက်ရသည်ကို ဂုဏ်ယူလေ့ရှိကြသည်။ ကျောင်းတော်တွင် တက်ရောက်ခွင့်ရပါကလည်း အစွမ်းကုန်ကြိုးစားသင်ယူကြလေ့ရှိကြသည်။
 သို့သော် လူတိုင်းတော့ ဟုတ်ဟန်မတူပါ၊ စာသင်ခန်းတစ်ခုတွင် လုလင်ပျိုတစ်ဦး စားပွဲပေါ်တွင် အိပ်ပျော်နေလေသည်။ အခန်းရှေ့  တွင် စာသင်နေသည်က ငှက်မွှေးအကျီရှည်ဝတ်ထားသည့် မိန်းမပျို၊ သူမက သတိထားမိဟန် တူသည်။ မျက်နှာပေါ်တွင် ဒေါသရိပ်တစ်ခုပေါ်လာပြီး  နှိုက်နှိုက်ရှိုက်ရှိုက်အိပ်ပျော်နေသော လုလင်ပျိဆီသို့ လှမ်းလာနေလေသည်။ ချင်ယီ ကား အသက် ဆယ့်ခုနစ်အရွယ်၊ ကျောင်းတော်၏ တရားဝင် ကျောင်းသူ တစ်ဦး ဖြစ်သလို ပြင်ပ ကျောင်းသူ ကျောင်းသားများ၏ သင်ကြားပို့ချသူ တစ်ဦးဖြစ်သည်။ သူမကား လှပသော မျက်နှာကလေးနှင့် ဆွဲဆောင်မှုရှိသော ခန္ဒာကိုယ် ကို ပိုင်ဆိုင်ထားသူဖြစ်သည်။ အခန်းထဲရှိ သူမ လမ်းလျှောက်သည့် နေရာသို့ မျက်လုံးများစွာက ရွေ့ လျားနေကြသည်။ ဒေါသထွက်နေသော်လည်း သူမလမ်းလျောက်ပုံက ညှင်သာလှသည်။
“ ဒီတစ်ခါလည်း ဒီကောင်ပဲ “
“ စီနီယာ အစ်မချင် အတန်းချိန်မှာ အိပ်ပျော်နေပြန်ပြီ “
အခုချိန်ထိ သူတို့၏ အိပ်ပျော်နေသော အခန်းဖော်ကို သိပ်သတိထားမိပုံ ရဟန်မတူပေ၊ သူတို့က ဘာပြောရမှန်းပင် သိပုံမရတော့။ ဒါကလည်း သူတို့၏ ပထမဆုံးအကြိမ်မြင်ခြင်း ဟုတ်ပုံမကျပေ။
“ စီနီယာ အစ်မချင်က တစ်ကယ့်ကို မျက်လုံးအစာကွျှေးတာကို ဒီကောင်ဘယ်လို အိပ်ပျော်သွားတာတုန်းဟ “
ဆရာများထဲတွင် ချင်ယီ ကား သံသယ ဖြစ်စရာမလိုအောင် အကျော်ကြားဆုံး ဖြစ်သည်။ အကြောင်းပြချက်ပေးစရာမလိုအောင် သူမကို ကြည့်လျင်သိနိုင်သည်။ သူမကား ပုရိသအများစု၏ နတ်သမီးအဖြစ် သတ်မှတ်ခံထားရသူလေးဖြစ်သည်။ သူမ စာသင်နေသောအချိန်တွလည်း အခန်းပြည့်ရှိတက်ကြသည်။ သူမစာသင်ချိန်တွင် အိပ်ပျော်သည်ဆိုသည်မှာ ဖြစ်နိုင်ဖွယ်မရှိပေ။
သူမ၏ ခြေလှမ်းများက ညှုင်သာလှသည်။ လုလင်ပျို၏ ဘေးနားကို အသံမျှပင် မကြားဘဲ ရောက်လာသည်။ စားပွဲရှေ့ တွင် မတ်တပ်ရပ်ကာ အိပ်မောကျနေသော လုလင်ပျိုကို ကြည့်ပြီး လှပသော မျက်နှာလေးက တင်းမာလာသည်။
“ ရီဖူရှင်း”
ညှင်သာသော ခေါ်သံလေးကြားရသည်။ ခေါ်သံကား ချင်ယီထံမှ မဟုတ်၊ ရီဖူရှင်း၏ နောက်နားမှ ထွက်လာခြင်းဖြစ်သည်။ ခေါ်သံကြားသောကြောင့်ပေလေ၊ ရီဖူရှင်း၏ ခန္ဒာ နည်းနည်း လှုပ်ရှားသွားသည်။ သူ့လက်ဖြင့် ခေါင်းကို ကိုင်လျက်ပင် မျက်လုံးက ဖြည်း ဖြည်းချင်း ပွင့်လာသည်။ ဝေဝါးသော မြင်ကွင်းထဲကို ဝင်လာသည်က လုံးဝန်းသော အရာလေးနှစ်ခု။
“ အကြီးကြီးပဲ “
ရီဖူရှင်း အလိုအလျောက် ရေရွက်မိသည်။ သူ့အသံက ညှင်သာသည်၊ ပြီးလျင် ကိုယ့်ဘာသာ ရေရွက်မိခြင်းဖြစ်သည်၊ သို့သော် တိတ်ဆိတ်သော ပတ်ဝန်းကျင် ဖြစ်သည့်အလျောက် သူ၏ မထင်မှတ်သော မှတ်ချက်က တစ်ခန်းလုံး အတိုင်းသား ကြားရသည်။ ချက်ချင်း တစ်ခန်းလုံး ငြိမ်ကျသွားသည်၊ ချက်ချင်းပင် ဆူညံသော ဒေါသစကားသံများ ထွက်လာသည်။
“ ငါဘယ်လိုမှ မယုံနိုင်ဘူး” 
“ ဒီကောင် ဘယ်လိုဖြစ်ပြီး စီနီယာအစ်မချင် ကို  မရိုမသေ ပြောရက်နိုင်တာလဲ “
“ ဒီ အရှက်မရှိတဲ့ ကောင် “
အားလုံး၏ ဓါးသွားကဲ့သို့ ထက်ရှသော အကြည့် စူးများက ရီဖူရှင်းဆီတွင် စုပြုံနေကြသည်။ တစ်ခုခုမှားနေပြီဆိုသည်ကို သူခံစားမိသည်။ သူ့အကြည့်ကို ရှေ့ ကို ရွေ့  လျားလိုက်သည်။ သူ့မျက်လုံးများက လှပကျေ့ရှင်းသော ဒေါသမျက်နှာလေးဆီရောက်သွားသည်။ 
“အာ….”
ရီဖူရှင်း လန့်ဖြတ်သွားသည်။ ဒါက ချင်ယီ ပါလား၊ ငါ့ကို ချင်းဇွီ ခေါ်လိုက်တာ မဟုတ်ဘူးလား။ နောက်ကို လှည့်ကြည့်ပြီး သကာလ အပြစ်ကင်းစင်ပုံရသော ဆယ့်ငါးနှစ်အရွယ် ကောင်မလေး တစ်ဦးကို တွေ့ ရသည်။ ဖူရှင်းက ကောင်မလေးကို တစ်ချက်ကြည့်ပြီး တွေးမိသည်။ ဟင်း အရွယ်အစားမှ မတူတာ၊ ထူးမှ မထူးဆန်းပဲ။ 
“ စီနီယာအစ်မချင် ကွျှန်တော်…..”
“ ရီဖူရှင်း……..”
ချင်ယီ၏ အေးစက်စွာ ဖြတ်ပြောသော အသံဖြစ်သည်။ သူမမေးသည်မှာ…
“ ချင်းကျူကျောင်းတော်တည်ထောင်တဲ့ သမိုင်းနောက်ခံကို ပြောစမ်း “
ကိုးယိုးကားယားအခြေအနေတစ်ခုကို စကားလမ်းကြောင်းလွဲရန်ကြိုးစားသည်မှာ ထင်ရှားလှသည်။ သို့သော် သူမ၏ ဒေါသမီးတောက်များကို ရီဖူရှင်း သိသိသာသာ ခံစားနေရသည်။ သူ့ခန္ဒာကိုယ်အား အစိတ်အပိုင်း တစ်ခုချင်းစီ ဓါးသွားထက်ထက်ဖြင့် အပိုင်းပိုင်းဖြတ် နေသကဲ့သို့ပင်။
“ လွန်ခဲ့တဲ့ နှစ်သုံးရာခန့်က အရှင် ဖီးနစ်မီးငှက်သခင်က ကောင်းကင်နယ်မြေ ကို စုစည်းပြီးတော့ မြို့စားတွေကို သိုင်းပညာတိုးတက်ထွန်းကားအောင် သိုင်းပညာသင်ကျောင်းတွေ တည်ထောင်ဖို့ အမိန့်ပေးစေခိုင်းခဲ့တယ်၊ ဒါက ချင်းကျူ ကျောင်းတော် တည်ထောင်ခဲ့တဲ့ သမိုင်းနောက်ခံပဲ “
ရီဖူချင်း၏ အဖြေကား အမှန်တစ်ကယ်ပင် သမိုင်းစာအုပ်များထဲမှ ကောက်နှုတ်ဖြေကြားထားခြင်းဖြစ်သည်။ သူ့မျိုးနွယ်၏ တရားမဝင်သမိုင်းစာအုပ်များတွင်ကား တစ်ခြားအဖြစ်အပျက်များလည်း ပါဝင်ပတ်သက်နေလေသည်။ သို့သော်လည်း ၎င်းတားမြစ်ထားသော အကြောင်းအရာများကို မည်သည့်နည်းနှင့်မျှ အစဖော်၍မဖြစ်ပေ။
“ တိုးတက်ဖို့ အတွက် ဘယ်လိုဖြစ်စဉ်တွေ ပါဝင်နေလဲ “ ချင်ယီ က သူမ၏ မေးခွန်းကို ဆက်သည်။ 
“ တိုးတက်မှုကို သိုင်းပညာနှင့် ဂမ္ဘီရ ပညာဆိုပြီး အခြေခံအားဖြင့်နှစ်မျိုးခွဲထားပါတယ်၊ သိုင်းပညာတိုးတက်မှုကို သူရဲကောင်းများ၊ မြင်းသူရဲများ၊ ဓါးသမားများဆိုပြီး ယေဘုယျပြောနိုင်သလို နှင့်  ဂမ္ဘီရပညာ တိုးတက်မှုကို မှော်ပညာ၊ ဆေးပညာ၊ ပန်းပဲပညာ များဆိုပြီး ယေဘုယျအားဖြင့်ပြောနိုင်ပါတယ်။ သေချာတာက လူတစ်ချို့ဟာ သဘာဝအရ ပညာနှစ်မျိုးလုံးကို လိုက်စားနိုင်တဲ့ ပါရမီ ပါလာကြတယ်”
“ ပုံစံကြည့်ရတာတော့ နင်က နောက်တစ်မျိုးများ မေ့နေသလားလို့….”  ချင်ယီ က သတိပေးသလိုပြောသည်။
“ ဖြစ်နိုင်တာက ကွျှန်တော် ဘာတစ်ခုမှ မလွဲဘူး” ရီဖူရှင်း ဆက်ပြောသည်။
“ ကောင်းကင်နယ်မြေက မှော်စွမ်းအင်ထိန်းချုပ်သူတွေကို အင်အားအကောင်းဆုံး အမျိုးအစားအနေနဲ့ အသိအမှတ်ပြုထားတာပဲ၊ သူတို့က ကောင်းကင်က ပေးတဲ့ လက်ဆောင်ကို ရထားတာပဲလေ၊ ရှားရှားပါးပါး ကောင်းကင်က ပေးတဲ့ လက်ဆောင်တွေဆိုတာ   မှော်စွမ်းအင်ထိန်းချုပ်ခြင်း၊ မျက်လှည့်၊ တောကောင်ထိန်းချုပ်ခြင်းနဲ့ နက္ခပညာတွေပဲ၊ ဥပမာအနေနဲ့ပြောရရင် သူတို့က ဘယ်ပညာရပ်ကိုမဆို လေ့လာပါစေ တစ်ခြားလူတွေထက် အမြဲ သာလွန်နေတာပဲ “
လူတိုင်းက ရီဖူရှင်း ရဲ့ စကားကို နားစိုက်ထောင်နေကြတယ်။ 
“မှော်စွမ်းအင်ထိန်းချုပ်ခြင်းဆိုတာ ရှားပါးလွန်းတဲ့ ဖြစ်စဉ်တစ်ခုပဲ၊ သူတို့က ကောင်းကင်ရဲ့ဆန္ဒကို လိုက်နာကြတယ်၊ ပြီးတော့ ကောင်းကင်က သူတို့ကို အထူးအခွင့်အရေးတွေပေးတယ်၊ ဒါတင်မဟုတ်ဘူး သာမာန် မှော်ထိန်းချုပ်သူတွေတောင်မှ သိုင်းပညာ နဲ့ ဂဗ္ဘီရပညာ နှစ်မျိုးလုံးမှာ သာမာန်လူတွေထက် ထူးခွျှန်လေ့ရှိကြတယ်”
ချင်ယီက ရှေ့က လုလင်ပျိုကို အထင်တကြီး စိုက်ကြည့်မိတယ်။ ဒါပေမယ့်လည်း ဒေါသထွက်နေတာကတော့ မပျောက်သေးပေ။ သူမက 
“ နင်ဒီလောက်သိမယ်လို့ထောင် မထင်မိဘူး"
"သေချာတာပေါ့ ကျွန်တော်က မှော်စွမ်းအင် ထိန်းချုပ်သူ တစ်ယောက်လေ" ချင်ယီကိုကြည့်ပြီး ရီဖူရှင်း က ပြန်ပြောလိုက်သည်။
"ဖူး......." အနားက နောက် လုလင်ပျို တစ်ယောက် ရေသောက်ခါနီး ရေသီးသွားပြီး အဆက်မပြတ်ခြောင်းဆိုးသွားသည်။ မျက်လုံးပေါင်းများစွာက ရီဖူရှင်းအား ရူးနေသည့်အလား ဝိုင်းကြည့်နေကြလေသည်။
               ရီဖူရှင်းကား ကျောင်းတော်တွင် ဂုဏ်သတင်းမွှေးကြိုင်လှသူဖြစ်သည်။အရှက်ကင်းမဲ့သည်မှာ နှစ်ယောက်မရှိသလို အကြီးအကဲများကိုလည်း လေးစားမှုမရှိပေ။ ယခုလည်း စီနီယာအစ်မချင်ကို မလေးမစားပြောသကဲ့သို့ မိမိကိုယ်ကိုလည်း မှော်စွမ်းအင်ထိန်းချုပ်သူဟု ပြောဆိုနေပြန်သည်။ သူ ယခုကဲ့ပြောဆို ပြုမူနေသည်က စီနီယာအစ်မချင်၏ အာရုံစိုက်မှုကို လိုချင်သောကြောင့်လော။
                ဖူရှင်းမှာ ကုန်လွန်ခဲ့သော သုံးနှစ်အတွင်း စွမ်းအင်နိုးထခြင်း ပထမအဆင့်တွင် ရပ်တန့်နေခဲ့သည့်အပြင် ကြံ့ခိုင်မှုကလည်း အားနည်းလှသည်။ ထို့အပြင် စွမ်းအင်အဆင့်မြှင့်ခြင်း အဆင့်ကို လည်း မရောက်သေးပေ။ သူ့လို သာမာန်အဆင့်ဖြင့် ဘယ်လိုပင် အရှက်ကင်းမဲ့နေပါစေ၊ မှော်စွမ်းအင် ထိန်းချုပ်သူဟု ပြောဆိုရသနည်း။ ချင်ယီ သက်ပြင်းတစ်ချက် ရှိုက်ပြီး ဒေါသတစ်ကြီးဖြင့်
" ကောင်းပြီလေ နင်က မှော်စွမ်းအင် ထိန်းချုပ်သူ ဆိုရင် နင့်ရဲ့ သက်စောင့် ဟော်နန်း ထဲမှာ ဝိဉာဏ်ရှိမှာပေါ့၊ ငါတို့ကို သက်သေပြနိုင်မလား"
ဟု မေးလိုက်၏။
                " ငါ့ရဲ့ သက်စောင့်ဝိဉာဏ်က အိပ်မောကျနေတုန်းပဲလေ၊ ခေါ်ထုတ်လို့ မရသေးဘူး၊ ဒါ့ကြောင့်လည်း ငါက အတန်းထဲ အိပ်မောကျသွားတာပေါ့ " ဖူရှင်း တည်ငြိမ်စွာပြန်ဖြေ၏။
                  "ရီဖူရှင်း.................." 
ချင်ယီ ၏ ဒေါသတစ်ကြီး အော်ဟစ်လိုက်သည်။ သူမ၏ လှပသော မျက်လုံးအစုံဖြင့် မျက်နှာချင်းဆိုင်လျက် "လွန်ခဲ့တဲ့ သုံးနှစ်က၊ နင် ကျောင်းတော်ကို စရောက်တုန်းက အသက် ဆယ့်နှစ်နှစ်အရွယ်ပဲ၊ပြင်ပ ကျောင်းသူအနေနဲ့ငါ ဝင်ခွင့်ရွေးချယ်တဲ့နေရာမှာ ငါရှိနေခဲ့တယ်၊ နင့်ရဲ့ သဘာဝစွမ်းအင်ကို ခံစားနိုင်စွမ်းက အမြင့်ဆုံးပဲ[သဘာဝစွမ်းအင်အားကို အတွင်းအားဟုလည်း သတ်မှတ်နိုင်သည်၊ သိုင်းပညာအဆင့်မြှင့်တင်လိုပါက ကြံခိုင်မှုကောင်းမွန်ရန်လေ့ကျင့်ရသည်။ ထိုသို့လေ့ကျင့်ရာတွင် ရုပ်ဝတ္ထုဆိုင်ရာ လေ့ကျင့်မှုနှင့် သဘာဝစွမ်းအင်ကို ခန္ဒာကိုယ်အတွင်းစုဆောင်းခြင်း နှစ်နည်းရှိသည်။ အများစုမှာ သဘာဝစွမ်းအင်ကို စုဆောင်း၍လေ့ကျင့်ကြသည်၊ သဘာဝ စွမ်းအင် စုဆောင်းရာတွင် သဘာဝစွမ်းအင်ကို ခံစားနိုင်စွမ်း မည်မှမြင့်သည်ကို မူတည်၍ ထိုသူသည် မည်မျှ ပါရမီပါသည်ကို သတ်မှတ်နိုင်သည်၊ ဤကားစကားချပ်] ငါတို့ကျောင်းတော် တစ်ခုလုံးကို တုန်လှုပ်စေခဲ့တယ်။ တာဝန်ရှိတဲ့လူတွေ အကုန်လုံးက နင့်ကို ဂရုစိုက်ပေးခဲ့ကြတယ်၊ ဒါပေမယ့် နင်က စွမ်းအင်နိုးထခြင်း ပထမဆင့်က နည်းနည်းလေးတောင် တိုးတက်မလာဘူး၊ နေ့တိုင်း အပျင်းထူပြီးတော့ စာသင်ခန်းထဲလည်း အာရုံမစိုက်ဘူး၊ ဘာတစ်ခု တိုးတက်လာလဲ၊ အခု နင့်ကိုယ်နင် မှော်စွမ်းအင် ထိန်းချုပ်သူလို့ အကြောင်းပြပြီး အိပ်နေတာကို ငြင်းချင်တယ်ပေါ့"
" ဒီသုံးနှစ်အတွင်းမှာလည်း နွေဦးရာသီ စစ်ဆေးခြင်း နဲ့ ရာသီကုန် စစ်ဆေးခြင်း စာမေးပွဲတွေမှာလည်း ဘယ်တော့မှ ပါဝင်ခဲ့ခြင်းမရှိခဲ့ဘူး၊ အကျိုးဆက်က အဆင့်ရပ်တည်ခြင်းမှာ အမြဲတမ်း နောက်ဆုံး နေရာမှာ ဖြစ်နေတာပဲ၊ရီဖူရှင်း......နင့်မှာ တစ်ကယ် အရှက်မရှိတာလား"
ချင်ယီ၏ ဒေါသုန်ပူထသော စကားများနားထောင်ပြီး တစ်ခန်းလုံးတိတ်ဆိတ်သွားသည်၊ တိတ်ဆိတ်လွန်းသောကြောင့် အကယ်၍ ဤနေရာတွင် အပ်ချောင်းကြွေကျလျင်ပင် ကြားနိုင်လောက်သည်။ ချင်ယီ၏ ဒေါသတစ်ကြီး ပြောဆိုပြစ်တင်သည်ကို အခန်းထဲရှိ လူတိုင်းငေးကြည့်နေကြသည်၊ ချင်ယီ ယခုကဲ့သို့ ပြုမူသည်ကို တစ်ခါမှ မမြင်ဖူးကြပေ၊ ယခုမှတစ်ခါ မြင်ဖူးခြင်းဖြစ်သည်။
                 ရီဖူရှင်းလည်း ထိတ်လန့်ပြီး ငေးကြောင်နေလေသည်၊သူ၏နက်မှောင်သော မျက်လုံးအစုံက ဒေါသမီးလျံများ လောင်မြိုက်နေသော လှပသော မျက်နှာလေးကို စိုက်ကြည့်နေသည်။
                 သုံးနှစ်ရှိပြီလား၊ သူ ကိုယ့်ဘာသာတွေးမိသည်၊ အချိန်တွေက သူမသိခင်မှာပဲ သုံးနှစ်ကာလကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်သော်လည်း သူ့ သက်စောင့်ဟော်နန်း ကား ထူးထူးခြားခြား ပြောင်းလြဲခင်းမရှိပေ၊ သူလည်း အတော်အံသြရသည်၊ ယီချင်ကော ပုံမှန်အားဖြင့် အေးစက်သော ပုံစံရှိသော အလှနတ်သမီးပင်မဟုတ်ပါလော။ သို့သော်ယခု ကြည့်ရသည်မှာ သူမက သူ့ကို အတော်အာရုံစိုက်ပုံရသည်၊ လွန်ခဲ့သော သုံးနှစ်ခန့်က ဝင်ခွင့် စစ်မေးခြင်းနေရာမှစ၍ စောင့်ကြည့်လာခဲ့ပုံရသည်။
              အခန်းတစ်ခုလုံး တိတ်ဆိတ်နေသည်၊ ချင်ယီလည်း မိမိ မျက်လုံးရှေ့မှ လုလင်ပျိုအား သေသေချာချာကြည့်မိသည်၊ သူကား ညကောင်းကင်ကဲ့သို့ နက်ရှိုင်းသော မျက်လုံးအစုံနှင့်အတူ ချောမေသော ရုပ်ရည်နှင့် ထက်မြတ်သော ပုံစံရှိသည်၊ အသက်ဆယ့်ငါးနှစ်အရွယ်မှပင် သိသာသော သူ့ပုံစံက နောက်နှစ်အနည်းငယ်အတွင်း ဆွဲဆောင်မှုရှိသော ယောကျာ်းတစ်ယောက်ဖြစ်လာမည်မှာ သေချာလှသည်။
                 ချင်ယီ မိမိကိုယ် တိတ်တဆိတ် တွေးကြည့်သည်၊ သူမ စကားပြောသည် အတော်ပြင်းထန်သွားတာလား၊ သူ့မျက်ဝန်းများထဲ အနည်းငယ်သော ဝမ်းနည်းမှုအရိပ်ယောင်တစ်ခုကို သတိထားမိလိုက်သည်၊ သူမ ဒေါသက အနည်းငယ် လျော့နည်းလာသည်။
" ဒီနှစ်ရဲ့ ရာသီကုန် စစ်ဆေးခြင်း စာမေးပွဲ ကျင်းပဖို့ တစ်လ လိုသေးတယ်၊ တစ်ကယ်လို့ နင် စာမေးပွဲ ကျတာပဲဖစ်ဖြစ်၊ ဝင်မပြိုင်တာပဲ ဖြစ်ဖြစ် ဆိုရင် နင့်ကို ကျောင်းထုတ်မှာ ကနေပြီးတော့ ဘယ်သူမှ မကယ်နိုင်တော့ဘူး၊ ကျောင်းတော်က နင့်ကို ဒီမှာ ဆက်နေဖို့ခွင့်ပြုမှမဟုတ်တော့ဘူး၊ နင်နားလည်ရဲ့လား" ချင်ယီ ဆက်ပြောသည်။
               တစ်ခန်းလုံးကြည့်နေကြသည်။ ပုံစံကြည့်ရသည်မှာ ကျောင်းတော်မှ ဖူရှင်းအား သည်းခံနိုင်သည့် အတိုင်းအတာ ကျော်လွန်လာပုံရလေသည်။ 
              သူတစ်ကယ်ပင် ကျောင်းမှ ထုတ်ပယ်ခံရတော့မည်လော၊ တစ်ကယ်ဆိုလျင် သူ့အကြောင်းက သမိုင်းစာအုပ်ထဲမှ အကြောင်းအရာ တစ်ခုဖြစ်သွားမည်ဖြစ်သည်၊ ကျောင်းထုတ်ခံရသည်ဆိုသည်မှာ လွယ်ကူသော ကိစ္စတစ်ရပ်မဟုတ်ပေ။
              "တစ်ကယ်လို့ သူသွားရင် ငါလည်း သွားမယ်" နောက်နားတစ်နေရာမှ တစ်စုံတစ်ယောက်က သိပ်မထူးခြားဟန်ဖြင့် ပြောသည်၊ အခန်းထောင့်တွင်ထိုင်နေသော လုလင်ပျိုတစ်ယောက်အား လူတိုင်း၏အကြည့်က ရောက်သွားသည်၊ သူတို့၏အကြည့်တွင် စိုးရိန်စိတ်၊ အထင်ကြီးစိတ်၊ မနာလိုစိတ်များ အပြည့်ပါနေသည်။
                 "ယူချင်းက နောက်နှစ် နွေဦး စစ်ဆေးခြင်း စာမေးပွဲကို ဝင်ပြိုင်စရာ မလိုဘူးလို့ ကျောင်းတော်က ဆုံးဖြတ်ထားပြီးသား" ချင်ယီပြောသည်။ "သူက မြင်းစစ်သည်တွေနဲ့အတူ  ကျောင်းတော်ရဲ့ တိုက်ခိုက်ရေးအိမ်တော် မှာပဲဖြစ်ဖြစ် တစ်ခြား ဂမ္ဘီရ ကျောင်းဆောင်တွေမှာပဲဖြစ်ဖြစ် လွတ်လွတ်လပ်လပ် ရွေးချယ်ပြီး လေ့ကျင့်နိုင်တယ်၊ သူ့အနာဂါတ်က နင့်ဆီမှာပဲ ချည်နှောင်ထားမှာ မဟုတ်ဘူး" 
                "ချည်နှောင်ထားမှာ......." ဖူရှင်းက ပြုံးမိသည်။ " ခင်များပါးစပ်ကို ပိတ်ထား" ယူချင်းက မတ်တပ်ရပ်ပြီး ချင်ယီကို စိုက်ကြည့်ကာ အော်ပြောသည်။ 
                 "ပြန်ထိုင်နေ" နောက်ကို လှည့်မကြည့်ဘဲပြောလိုက်သော  ဖူချင်း၏ ဖျော့တော့သော စကားသံကိုကြားရသည်။ ဒေါသကြောင့် ပေါက်ကွဲလုမတတ်ဖြစ်နေသော ယူချင်း ငြိမ်ကျသွားသည်။
"ငါဆုံးဖြတ်ပြီးသွားပြီ" ရီဖူချင်းမျက်နှာပေါ်တွင် ထီမထင်သော အပြုံး တစ်ခုတွေ့ရသည်၊ သူက ချင်ယီကို ကြည့်ပြီး ဆက်ပြောသည်။ "ငါ ဒီနှစ်ရဲ့ နှစ်ကုန်စစ်ဆေးခြင်းစာမေးပွဲကို ဝင်ပြိုင်ဖို့ ဆုံးဖြတ်ပြီးပြီ" 
           နောက်ဆုံးတွင်ထိုင်နေသော ယူချင်း၏ မျက်လုံး အရောင်တစ်ချက်လက်သွားသည်။ ကျောင်းတော်တွင် သင်ယူခဲ့သော သုံးနှစ်ကာလအတွင်း ယူချင်း၏ သိသာထင်ရှားသော ပါရမီကို မည်သူမျှသံသယမရှိပေ။သူ၏ သတ္တုစွမ်းအင် ကို ခံစားနိုင်စွမ်းမှာ အမြင့်ဆုံးဖြစ်သည်။ သိုင်းပညာတွင်လည်း ထူးချွန်လှသည်။ ပညာနှစ်ရပ်လုံးကို ခြွင်းချက်မရှိ လေ့လာနိုင်စွမ်းရှိသူဖြစ်သည်။ သူကား ပြင်ပ ကျောင်းသားမျှသာဖြစ်သော်လည်း သူ့ပညာအဆင့်က တစ်ချို့ ဆရာများထက်ပင် မြင့်လေသည်။ 
          သို့သော်လည်း ရီဖူရှင်းကို အမှန်တစ်ကယ်ကော မည်သူက နားလည်နိုင်ပါသနည်း။ 
           "နင့် ကြံ့ခိုင်မှုက အားနည်းပြီးတော့ ပညာအဆင့်ကလည်း နိုးထခြင်း ပထမအဆင့် ပဲရှိသေးတယ်၊ စာမေးပွဲကို ဘယ်လို အောင်မှာလဲ" သက်ပြင်းတစ်ချက်ချပြီး ဖူရှင်းကိုကြည့်ကာ ယီချင်းပြောလိုက်သည်၊ အကယ်၍ ယခုအချိန်အပြင်းအထန် ကြိုးစားလျင်ပင် မှီတော့မည်မထင်ပေ"
            "တစ်ကယ်လို့ အောင်ခဲ့ရင်ရော" ပုံစံကြည့်ရသည်မှာ ရီဖူးရှင်းက မိမိ စွမ်းရည်ကို မိမိကိုယ်တိုင် နားလည်ပုံမရပေ၊ သူ့အသံက ယုံကြည်မှုများ ပြည့်နှက်နေသည်။        
              "နင်အောင်ခဲ့ရင် စာသင်ခန်းထဲ နင်ကြိုက်တာလုပ်လို့ရတယ်" ချင်ယီ ပြန်ပြောသည်။
               မျက်လုံးက အရောင်တစ်ချက်လက်သွားပြီး မျက်လုံးရှေ့မှာ ဆွဲဆောင်မှုရှိသော ခန္ဒာကိုယ်ကို အဓိပ္ပါယ်ပါသော အကြည့်ဖြင့် ဖူရှင်းကြည့်လိုက်သည်၊ သူ့မျက်လုံးက သူမ၏ စူးစိုက်မကြည့်အပ်သော နေရာသို့ရောက်သွားသည်။ "တစ်ကယ်လုပ်ချင်တာ လုပ်လို့ရတယ်ပေါ့" 
                ဒီကောင် ဘာကိုဆိုလိုတာပါလဲ၊ ရီဖူရှင်းကို ကြည့်ပြီး လူတိုင်းက တွေးသည်။
                "အရှက်မရှိတဲ့ကောင်"
                "မင်းဘာကိုကြည့်နေတာလဲ ခွေးကောင်"
                 တစ်ခြားကျောင်းသားများက နောက်ဆုံးတွင် နားလည်လာသည်။ ဘယ်လောက် သူတို့ သူ့ကို ရိုက်ချင်နေသနည်း၊ ဘယ်လိုသတ္တိဖြင့် သူက စီနီယာအစ်မချင်ကို ပြုမူနိုင်ရသနည်း။    
                  ချင်ယီလည်း ဖူရှင်းဘာကို ဆိုလိုသည်ကို ချက်ချင်းနားလည်လိုက်သည်။ ခုနက သနားမိသောစိတ်လည်း ချက်ချင်း အလိုအလျောက် ပျောက်သွားသည်။ ဒေါသက တစ်ဖန် မျက်နှာမှာ ထင်ဟပ်လာသည်။ သူမ နှုတ်ခမ်းတစ်ချက် ကိုက်ပြီး ပြောလိုက်သည်။
               "နင်ကြိုက်တာ လုပ်လို့ရတယ်"

No comments:

Post a Comment

The Legend Of Futian ဒဏ္ဍာရီထဲက ဖူရှင်း

The Legend Of Futian ဒဏ္ဍာရီထဲက ဖူရှင်း _____________ အပိုင်း(၁) အပိုင်း(၂)